January 19th, 2010A short drive for a servicing

ဒီနေ့တော့ အားတာနဲ့ မနက်ပိုင်း ကွန်ပြူတာရှေ့ ထိုင်တယ်။ နေ့လယ်ပိုင်း မှာ တခုလုပ်စရာ သတိရတယ်။ ဝယ်ထားတဲ့ ကား ဒိုင်ခွက်က servicing လုပ်ဖို့ သတိပေးနေပြီ ။ ဒါနဲ့ အနီးဆုံး မှာရှိတဲ့ Mercedes service ကို သွားလိုက်တယ်။ နေတဲ့နေရာကနေ ဆိုရင် မိုင် သုံးဆယ် ကျော်ကျော် ဝေးတယ်။ အဲဒီ နေရာက ဝင်ငွေကောင်းတဲ့ နေရာဖြစ်ပုံရတယ်။ လမ်းပေါ်က ကားတွေရဲ့ တဝက်က ဂျာမန်ကားတွေချည်းပဲ။ Audi တို့ BMWတို့ Mercedes တို့။ အများစုကလဲ ၂၀၀၈ ၂၀၀၉ မှတ်ပုံတင်တွေနဲ့ချည်းပဲ။ ပြင်သစ်ကားတို့ Ford တို့ က ကြဲ ကြဲ ပဲ။
Ronald Keating လေး ဖွင့်ပြီး မောင်းသွားလိုက်တယ်။ လမ်းမှာ Road work တွေက မိုင် ၅၀ အထက်မမောင်းရဘူး တွေ့လို့ Auto speed limit ကို ၅၀ ထားလိုက်တယ်။ Average speed camera တွေက အများကြီးပဲလေ။
အဲဒီက Mercedes Service Centre မှာ ရောင်းတာတွေရော လာပြီး servicing လုပ်တဲ့ကားတွေရော နှစ်ရာ သုံးရာလောက်ရှိမယ်ထင်တယ်။ Reception ဆိုတဲ့ဆီကို အရင် သွားတယ်။ အဲဒီကနေ Service ကိုင်တဲ့ အမျိုးသမီး ဆီကို ညွှန်တယ်။ အသက် ၃၀ လောက်ရှိပြီ။ ဆရာဝန်မျက်စိနဲ့ ကြည့်လိုက်တယ်။ နဲနဲ စိတ်ဓာတ်ကျနေပုံရတဲ့ မျက်နှာနဲ့ ဝေလ အသံထွက်။ မျက်နှာက ဘယ်ကို နဲနဲ ဆွဲနေတယ်။ ဗိုက်က နဲနဲ ပူနေတယ်။ လက်သဲ နဲနဲ ရှည်မှာ လက်သဲ ဆိုးဆေးမတွေ့ရဘူး။ လက်ထပ်လက်စွပ်ကို လဲ သတိထားမိတယ်။ အားလုံးကို ချုံကြည့်လိုက်ရင် ဒီအမျိုးသမီးတခုခု မှားနေတယ်။ ဘာရယ် လို့တော့ ဝေခွဲမရခဲ့ဘူး။
မေးတာတွေရှင်းပြတယ်။ Service A က £200 Service B က £400 တဲ့။ သုံးပါတ် ကြိုပြီး လုပ်ရမယ်တဲ့။ မအားရင် ကားကို လာပြီး Collect လုပ်မယ်တဲ့။ ပြီးရင် ပြန်လာပို့မယ်တဲ့။ ပြင်စရာရှိရင် ပိုပေးရမယ်တဲ့။
ငွေ ၄၀၀ ဆိုတာ ကားအစုတ်လေးဝယ်စီးမယ်ဆိုရင် စီးလို့ရတဲ့ ပိုက်ဆံပါ။ ဒါနဲ့ ပြန်ဖုံးဆက်မယ်ဆိုပြီး address card လေးပဲ ယူပြီး ပြန်လာခဲ့တယ်။ လုပ်ဖော်ကိုင်ဖက် Surgical registrar လဲ Mercedes C class စီးတယ်။ သူပြောတဲ့ နေရာ က မိုင် ၆၀ လောက်ဝေးလို့ ဒီ နေရာကို အရင်လာပြီး စုံစမ်းတာပါ။ ဟိုနေရာက သက်သာတယ် ပြောတယ်။ မနက်ဖန်မှ ဖုန်းဆက်မေးတော့မယ် ။
ပြန်ရောက်တော့ ညနေ ၅နာရီ ထိုးနေပြီ။ ဆောင်းတွင်းဆိုတော့ မှောင်စပြုနေပြီပေါ့။
